back

မလေးရှား၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်အား သင်္ဘောဖြင့် နေရပ်ပြန်ပို့ရန် စီစဉ်နေ

Jul 28 • 2:27 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်အား သင်္ဘောဖြင့် နေရပ်ပြန်ပို့ရန် စီစဉ်နေ

မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးရန် သဘောတူထားပြီး လုပ်ထ...

မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးရန် သဘောတူထားပြီး လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက ရေတပ်သင်္ဘောဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဒုဝန်ကြီး Datuk Lukanisman Awang Sauni က မလေးရှား အထက်လွှတ်တော် ညီလာခံတွင် ပြောကြားခဲ့သည်။ထို့အပြင် မလေးရှားအစိုးရက ဒုက္ခသည်များ မှတ်ပုံတင်ခြင်း အထောက်အထား (DPP) အစီအစဉ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲနေသဖြင့် UNHCR သို့ ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားသည်။ ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒုက္ခသည်ကတ် လျှောက်ထားဆဲ မြန်မာများ၊ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် နေရပ်ပြန်ပို့ခံရပါက စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ ခေါ်ဆောင်ခံရမည်ကို စိုးရိမ်လျက်ရှိကြသည်။ လက်ရှိတွင် မလေးရှားအစိုးရသည် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများကို လေကြောင်းမှတစ်ဆင့် နေရပ်သို့ ဆက်တိုက် ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

14