၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သော တိုက်စစ်မှူး အမ်ဘာပေက လူမှုကွန်ရက်မှတစ်ဆင့် ပြင်သစ်ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ပြင်သစ်အသင်းသည် ချန်ပီယံဆု ရရှိရန် ရေပန်းစားခဲ့သော်လည်း ဆီမီးဖိုင်နယ် အဆင့်အထိသာ ရောက်ရှိခဲ့သဖြင့် အမ်ဘာပေက ဆုဖလား မယူဆောင်နိုင်ခဲ့သည့်အတွက် နာကျင်ရကြောင်းနှင့် ဂိုးသွင်းအများဆုံးဆု ထက် ချန်ပီယံဆု ရရှိခြင်းက ပိုမိုဝမ်းမြောက်စရာ ဖြစ်ကြောင်း ရေးသားခဲ့သည်။အမ်ဘာပေသည် ကမ္ဘာ့ဖလားပြိုင်ပွဲ (၃) ကြိမ် ယှဉ်ပြိုင်ခဲ့ရာတွင် ၂၂ ပွဲ၌ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သဖြင့် ပြင်သစ်အသင်း၏ ပွဲအများဆုံးနှင့် ဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည့်အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ဆက် ဂိုးသွင်းဘုရင်ဆု ရရှိသည့် ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်သစ် တင်နိုင်ခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်မှတစ်ဆင့် ပြင်သစ်ပရိသတ်များကို အမ်ဘာပေ ကျေးဇူးတင်စကားပြောကြား
Jul 28 • 2:04 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


