back

ထိုင်းနိုင်ငံ ချင်းမိုင်တွင် တစ်ရက်လျှင် လူနှစ်ဦးခန့် HIV ရောဂါပိုး ကူးစက်နေ

Jul 28 • 1:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ချင်းမိုင်တွင် တစ်ရက်လျှင် လူနှစ်ဦးခန့် HIV ရောဂါပိုး ကူးစက်နေ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း တစ်ရက်လျှင် လူနှစ်ဦးခန့် HIV ရောဂါပိုး သစ် ကူးစက်ခံနေရသဖြင့် ခရိုင်တစ်ခုလုံးကို သတိထား စောင့်ကြည့်နေရကြောင်း ထိ...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း တစ်ရက်လျှင် လူနှစ်ဦးခန့် HIV ရောဂါပိုး သစ် ကူးစက်ခံနေရသဖြင့် ခရိုင်တစ်ခုလုံးကို သတိထား စောင့်ကြည့်နေရကြောင်း ထိုင်းသတင်းဌာနများကို ကိုးကား၍ ဖော်ပြထားသည်။ချင်းမိုင်ခရိုင်၌ ရောဂါပိုး အသစ်ကူးစက်ခံရသူ ၇၀၀ ကျော်နှင့် စုစုပေါင်း ကူးစက်ခံရသူ ၂၃,၉၀၀ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်ခံရသူ အများစုမှာ အသက် ၂၅ နှစ်မှ ၄၉ နှစ်ကြား သက်လတ်ပိုင်းအရွယ်များ ဖြစ်ကြသည်။ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားများသည် ဘာသာစကား အခက်အခဲနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန်ရယူရန် အားနည်းမှုတို့ကြောင့် စောစီးစွာ စစ်ဆေးကုသမှု ခံယူရန် ခက်ခဲနေကြသဖြင့် ကျန်းမာရေးဌာနက သံသယရှိပါက နီးစပ်ရာ ဆေးရုံ/ကျန်းမာရေးဌာနများတွင် သွားရောက်စစ်ဆေးကြရန် တိုက်တွန်းထားသည်။

news-view-count-icon

22