back

ထိုင်းဘုရင်မင်းမြတ် မွေးနေ့အထိမ်းအမှတ် ဘန်ကောက်မြို့၌ ယဉ်ကျေးမှုပွဲတော်နှင့် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်

Jul 28 • 1:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရင်မင်းမြတ် မွေးနေ့အထိမ်းအမှတ် ဘန်ကောက်မြို့၌ ယဉ်ကျေးမှုပွဲတော်နှင့် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်

ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ် Vajiralongkorn ၏ သက်တော် ၇၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ Rattanakosin ကျွန်း၌ ဇူလိုင် ...

ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ် Vajiralongkorn ၏ သက်တော် ၇၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ Rattanakosin ကျွန်း၌ ဇူလိုင် ၂၄ ရက်မှ ၃၁ ရက်နေ့အထိ “River of Life Under the Royal Grace” ယဉ်ကျေးမှုပွဲတော်ကို ကျင်းပလျက်ရှိသည်။ အဆိုပါ ပွဲတော်အတွင်း သမိုင်းဝင်မြောင်းများတစ်လျှောက် ယဉ်ကျေးမှုဆိုင်ရာ လည်ပတ်ကြည့်ရှုနိုင်သည့်အပြင် ပြည်သူများနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများကိုပါ ထည့်သွင်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ဆေးဘက်ဆိုင်ရာ အဖွဲ့များက သတ်မှတ်နေရာများတွင် အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အခြေခံဆေးကုသပေးခြင်း၊ ဆေးဝါးပေးဝေခြင်းနှင့် သွေးလှူဒါန်းခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးနေသကဲ့သို့ Mahakan ခံတပ်ပန်းခြံတွင်လည်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က ရွေ့လျားတိရစ္ဆာန်ဆေးခန်း ဖွင့်လှစ်ကာ အိမ်မွေးတိရစ္ဆာန်များအား သားကြောဖြတ်ပေးခြင်း၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်းနှင့် မိုက်ခရိုချစ်ပ် တပ်ဆင်ပေးခြင်းတို့ကို လူကိုယ်တိုင် စာရင်းပေးသွင်းသည့် ဦးရာလူစနစ်ဖြင့် အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

news-view-count-icon

20