စက်သုံးဆီတင်သင်္ဘော လေးစင်းသည် ဇူလိုင် ၂၆ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပြီး သတ်မှတ်ဆီအရည်အသွေး ပြည့်မီသဖြင့် Terminal အသီးသီးရှိ သိုလှောင်ကန်များအတွင်း ဆီချယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုမရှိစေရန် အစဉ်မပြတ် ဖြည့်တင်းပေးလျက်ရှိပြီး ဆီအရောင်းဆိုင်များသို့ သယ်ယူရောင်းချရာတွင်လည်း နည်းပညာအသုံးပြု QR Code/Barcode စနစ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၏ GPS လမ်းကြောင်းများကို စောင့်ကြည့်စိစစ်၍ စက်သုံးဆီ ဖြည့်တင်းမှု ကွင်းဆက်တစ်လျှောက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

| 48 | 0 | 0 | 0 |


