back

ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုအကြောင်းပြပြီး ကမ်းနီး ငါး/ပုစွန်ဖမ်းဆီးလျှင် အရေးယူမည်ဟုဆို

Jul 28 • 1:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုအကြောင်းပြပြီး ကမ်းနီး ငါး/ပုစွန်ဖမ်းဆီးလျှင် အရေးယူမည်ဟုဆို

မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်၌ ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းစွာ ကျွန်းခိုရပ်နားနိုင်ရန် ရာသီဥတုခိုလှုံခွင့်ပြုထားသည့် တည်နေရာများတွင...

မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်၌ ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းစွာ ကျွန်းခိုရပ်နားနိုင်ရန် ရာသီဥတုခိုလှုံခွင့်ပြုထားသည့် တည်နေရာများတွင် ခိုလှုံရာ၌ ရာသီဥတုကို အကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန် ဖမ်းဆီးပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက အသိပေး ထုတ်ပြန်လိုက်သည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ သတ်မှတ်ကျွန်းများနှင့် ဆိပ်ကမ်း/ချောင်းများအတွင်း လှိုင်းဒဏ်၊ လေဒဏ် ခိုလှုံနိုင်ရေးအတွက် ယခင်လကတည်းက ညွှန်ကြားချက် ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

34