back

ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား လတ်တလော လစာတိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးဟုဆို

Jul 28 • 1:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား လတ်တလော လစာတိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးဟုဆို

ယမန်နေ့ကကျင်းခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား လတ်တလောတွင် လစာ သို့မဟုတ် ချီးမြှင့်ငွေ တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်...

ယမန်နေ့ကကျင်းခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား လတ်တလောတွင် လစာ သို့မဟုတ် ချီးမြှင့်ငွေ တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားခဲ့သည်။နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ရာတွင် ပညာရေးဝန်ထမ်းများကိုသာ သီးခြားတိုးမြှင့်ခြင်း မဟုတ်ဘဲ ဝန်ကြီးဌာန အားလုံးရှိ ဝန်ထမ်းများအတွက် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် ဘတ်ဂျက် ခံနိုင်ရည်တို့အပေါ် စိစစ်သုံးသပ်၍ တိုးမြှင့်ပေးသည့် မူဝါဒကို ကျင့်သုံးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ လက်ရှိတွင်လည်း နိုင်ငံ့ဝန်ထမ်း အားလုံးအတွက် သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်၊ ဒေသစရိတ်များနှင့်အတူ သင်ကြားရေး ဆရာ/ဆရာမများအတွက် ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေများကို သီးခြား ခံစားခွင့်ပြုထားကြောင်း သိရသည်။

news-view-count-icon

42