ဗီယက်နမ်၊ဒါနန်းမြို့ရှိ ဆွန်ထရာကျွန်းဆွယ်၏ အမြင့်ဆုံးနေရာဖြစ်သည့် ဘန်းခိုးတောင်ထိပ် (Ban Co Peak) တွင် နေထွက်ချိန်နှင့် နေဝင်ချိန်များ၌ ဗီယက်နမ် လက်ဖက်ရည် ယဉ်ကျေးမှုကို ခံစားကြည့်ရှုနိုင်သည့် အဆင့်မြင့် ခရီးသွားအစီအစဉ်သစ်တစ်ခုကို ဇူလိုင် ၂၅ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ၂၀၂၄ ခုနှစ် မတ်လအတွင်း ဘီလျံနာ ဘီလ်ဂိတ် (Bill Gates) လာရောက်လည်ပတ်စဉ် အဆိုပါ တောင်ထိပ်၌ လက်ဖက်ရည် သောက်သုံးခဲ့သည့် အတွေ့အကြုံကို အခြေခံ၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ ဖန်တီးထားခြင်းဖြစ်သည်။ယခု ခရီးစဉ်သစ်သည် အများပြည်သူအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အေးချမ်းမှုနှင့် ထူးခြားသည့် ယဉ်ကျေးမှု အတွေ့အကြုံကို လိုလားသော အဆင့်မြင့် ခရီးသွားဧည့်သည်များအတွက် သီးသန့် ရည်ရွယ်ထားခြင်းဖြစ်သည်။ ခရီးစဉ် တစ်ကြိမ်လျှင် ဧည့်သည် ၆ ဦးထက် မပိုစေဘဲ အရည်အသွေးကို သီးသန့်ဦးစားပေး စီစဉ်ထားခြင်းဖြစ်ပြီး ဒါနန်းမြို့၏ သဘာဝ အလှအပနှင့် ယဉ်ကျေးမှုကို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များထံ ဆွဲဆောင်မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားသည်။
Jul 28 • 2:05 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


