back

အီရန်စစ်ပွဲ ရှေ့ဆက်မည့် ကိစ္စအတွက် ရွေးချယ်စရာ ၃ ခုကို ထရမ့် စဉ်းစားနေ

Jul 27 • 1:49 PM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်စစ်ပွဲ ရှေ့ဆက်မည့် ကိစ္စအတွက် ရွေးချယ်စရာ ၃ ခုကို ထရမ့် စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေနှင့်ပတ်သက်၍ စစ်ရေးအရှိန် မြှင့်တင်ရန်၊ စီးပွားရေး ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် သို့မဟုတ် အ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေနှင့်ပတ်သက်၍ စစ်ရေးအရှိန် မြှင့်တင်ရန်၊ စီးပွားရေး ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် သို့မဟုတ် အမေရိကန်က အနိုင်ရပြီဟု ကြေညာကာ ပဋိပက္ခမှ ဆုတ်ခွာရန်ဆိုသည့် ရွေးချယ်စရာ လမ်းကြောင်း ၃ ခုကို စဉ်းစားနေကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ လမ်းကြောင်းများအတွက် ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး၊ စစ်ဘက်နှင့် အစိုးရ အထူးတာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေးများတွင် အချေအတင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

23