ပြည်တွင်း၌ မိုးတွင်းကာလ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းအချို့ ရပ်နားထားရသဖြင့် ဝင်ငွေနည်း အခြေခံ အလုပ်သမားများ စားဝတ်နေရေး အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အနယ်နယ်အရပ်ရပ်မှ အခြေခံလုပ်သား အများအပြား မန္တလေးသို့ ရွှေ့ပြောင်း စုပြုံရောက်ရှိလာသဖြင့် လုပ်ကိုင်လိုသူ များပြားကာ အလုပ်အကိုင် ရှားပါးမှု ပိုမိုကြီးမားလာခြင်း ဖြစ်သည်။ လက်ရှိတွင် ပန်းရံနှင့် နေ့စားလုပ်သား အများစုမှာ စားဝတ်နေရေးအတွက် အဆောက်အအုံ ဖြိုဖျက်ရေး၊ အိမ်ဖော်နှင့် ကူလီလုပ်ငန်း စသည့် အခြား ရရာလုပ်ငန်းများသို့ ပြောင်းရွှေ့ လုပ်ကိုင်နေကြရကြောင်းသိရသည်။
Jul 28 • 1:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


