back

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သည့် တရားခံ ၃ ဦး ဝန်ခံထွက်ဆို

Jul 27 • 12:28 PM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သည့် တရားခံ ၃ ဦး ဝန်ခံထွက်ဆို

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇူလိုင် ၁၈ ရက်က အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ စစ်ရှောင် ၃ ဦးဖြ...

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇူလိုင် ၁၈ ရက်က အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ စစ်ရှောင် ၃ ဦးဖြစ်သည့် မောင်တင်ဝင်း (၃၇ နှစ်)၊ မောင်အေးကျော် (၂၉ နှစ်) နှင့် မောင်သန်းစိုး (၂၁ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့မှ ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ တရားခံ ၃ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဇူလိုင် ၂၄ ရက်တွင် စစ်ဆေးဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးစဉ်အတွင်း ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်ဟု သိရသည်။

news-view-count-icon

21