back

တောမီးကြောင့် စပိန်နှင့် ပြင်သစ်၌ လူပေါင်း ၂၆၀,၀၀၀ ကျော် ရွှေ့ပြောင်းပေးထားရ

Jul 27 • 12:27 PM

breaking-news

မြန်မာ

ပြည်ပ

cover

တောမီးကြောင့် စပိန်နှင့် ပြင်သစ်၌ လူပေါင်း ၂၆၀,၀၀၀ ကျော် ရွှေ့ပြောင်းပေးထားရ

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်အနီးနှင့် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးမြို့အနီးတို့တွင် အထိန်းအချုပ်မဲ့ ပြင်းထန်စွာ လောင်ကျွမ်းနေသည့် တောမီးများကြောင့...

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်အနီးနှင့် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးမြို့အနီးတို့တွင် အထိန်းအချုပ်မဲ့ ပြင်းထန်စွာ လောင်ကျွမ်းနေသည့် တောမီးများကြောင့် ဒေသခံပြည်သူ ၂၆၇,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ပြင်သစ်နိုင်ငံ၌ ဒေသခံ ၁၉၇,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသဖြင့် ငြိမ်းချမ်းသည့် ကာလများအတွင်း အကြီးမားဆုံး လူကယ်ထုတ်မှုဖြစ်စဉ် ဖြစ်ခဲ့ပြီး တောမီးငြှိမ်းသတ်ရန် စစ်တပ်မှ တပ်ဖွဲ့ဝင် ၁,၀၀၀ နှင့် A-400M စစ်လေယာဉ်တို့ကိုပါ စေလွှတ်ထားသည်။ အလားတူ စပိန်နိုင်ငံတွင်လည်း မက်ဒရစ်အနောက်ဘက် ကျေးရွာများမှ လူပေါင်း ၇၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။

news-view-count-icon

19