ချီလီကလပ် ကိုလိုကိုလိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် Cape Verde ဂိုးသမား ဗော်ဇင်ညာသည် တစ်လလျှင် လစာ ဒေါ်လာ ၂၅,၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ပေါ်တူဂီ ဒုတိယတန်းကလပ် ချာဗက်စ်အသင်းတွင် ကစားစဉ်က တစ်လလျှင် ဒေါ်လာ ၉,၀၀၀ သာ ရရှိခဲ့ဖူးသူဖြစ်သည်။အသက် ၄၀ အရွယ်ရှိပြီဖြစ်သော ဗော်ဇင်ညာသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ချာဗက်စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သဖြင့် အသင်းလက်မဲ့အဖြစ် ပြိုင်ပွဲဝင်ရောက်ခဲ့သော်လည်း ကမ္ဘာ့ဖလားတွင် လက်စွမ်းပြနိုင်ခဲ့သောကြောင့် ကိုလိုကိုလိုအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဗော်ဇင်ညာကမူ ဘောလုံးကို ချစ်မြတ်နိုး၍ အသက် ၄၀ အထိ ဆက်လက်ကစားနေခြင်းဖြစ်ပြီး နောက်ထပ် ၁ နှစ်၊ ၂ နှစ်ခန့် ဆက်လက်ကစားသွားချင်သေးကြောင်း ပြောကြားခဲ့သည်။
| 27 | 0 | 0 | 0 |


