ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဘန်ကောက်မြို့တို့ရှိ သစ်သီးခြောက်နှင့် လက်ဆောင်ပစ္စည်းဆိုင်များတွင် ခရီးသွားများ၏ UnionPay ခရက်ဒစ်ကတ် အချက်အလက်နှင့် PIN နံပါတ်များကို ကတ်နှစ်ကြိမ်ပွတ်ဆွဲခိုင်းခြင်းနှင့် စီစီတီဗီကင်မရာများ အသုံးပြု၍ ခိုးယူကာ ယွမ် ၆ သန်းခန့် (ဘတ် ၂၉ သန်းခန့်) သုံးစွဲခဲ့သည့် တရုတ်နိုင်ငံသား ၁ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦးတို့ကို စီးပွားရေးဆိုင်ရာ ပြစ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (ECD) က ဖမ်းဆီးအရေးယူလိုက်ကြောင်း ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည်။ ထို့ကြောင့် အီလက်ထရွန်နစ်ကတ်များဖြင့် ငွေပေးချေရာတွင် PIN နံပါတ်များ ချောင်းရိုက်ခံရခြင်းမရှိစေရေး သတိပြုကြရန် ECD က အသိပေးနှိုးဆော်ထားသည်။
Jul 27 • 11:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


