ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့ရှိ ပွန်ချောင်းစစ်ဆေးရေးဂိတ်၌ တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုကားလမ်းအတိုင်း မန္တလေးနှင့် အေးသာယာစက်မှုဇုန်တို့သို့ ပို့ဆောင်မည့် သံတိုသံစ၊ ပလတ်စတစ်စသည့် ပြန်လည်သန့်စင်သုံးစွဲမည့် "ကီလို" သယ်ဆောင်သည့် ကားစီးရေ ၁၀၀ ကျော်ကို တရားမဝင်ကုန်များ ဖွက်သယ်သည်ဟုဆိုကာ ဇူလိုင် ၂၂ ရက်မှစ၍ သွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားကြောင်း သိရသည်။ စစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုလည်း မပြုလုပ်ဘဲ ပိတ်ပင်ထားသဖြင့် ကုန်သည်များနှင့် ယာဉ်မောင်းများမှာ ရနိုးနိုးဖြင့် စောင့်ဆိုင်းနေရပြီး ကြာမြင့်လာပါက ကုန်များပြန်ချ၍ ထွက်ခွာရမည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းပွန် စစ်ဆေးရေးဂိတ်တွင် ကီလိုသယ်ဆောင်သည့် ကားရာချီ၍ တစ်ပတ်နီးပါး ပိတ်မိနေ
Jul 27 • 11:28 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


