back

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ရေကူးကန်အတွင်း ပြုတ်ကျသည့် ပအိုဝ်းတိုင်းရင်းသူ သေဆုံး

Jul 27 • 11:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ရေကူးကန်အတွင်း ပြုတ်ကျသည့် ပအိုဝ်းတိုင်းရင်းသူ သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်စဉ် ဇူလိုင် ၂၂ ရက်က မတော်တဆ ရေကူးကန်အတွင်းသို့ ခလုတ်တိုက်ပြုတ်ကျခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်တစ်လုံ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်စဉ် ဇူလိုင် ၂၂ ရက်က မတော်တဆ ရေကူးကန်အတွင်းသို့ ခလုတ်တိုက်ပြုတ်ကျခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်မှ အသက် (၃၈) နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသူ ရွှေ့ပြောင်းလုပ်သား နန်းခင်လှဝင်းသည် ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူခဲ့သော်လည်း ဇူလိုင် ၂၅ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းကို ဇူလိုင် ၂၇ ရက်တွင် ဘန်ကောက်မြို့ရှိ ဘန်တွေဘုန်းတော်ကြီးကျောင်း၌ သင်္ဂြိုဟ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံရောက် ပအိုဝ်းရွှေ့ပြောင်းလုပ်သားများ အလုပ်ခွင်မတော်တဆမှုကြောင့် မကြာခဏ အသက်ဆုံးရှုံးနေရသဖြင့် အလုပ်ခွင်ဘေးကင်းရေး စည်းကမ်းများနှင့် အကာအကွယ်ပစ္စည်းများကို စနစ်တကျ အသုံးပြုကြရန် ပအိုဝ်းလူမှုကူညီရေးအသင်းက တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

17