မလေးရှားနိုင်ငံ မာလကာ (Melaka) ပြည်နယ် Melaka Tengah နှင့် Jasin ခရိုင်များ၌ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၆ ရက် နံနက်ပိုင်း စာရင်းများအရ မိသားစု ၃၇ စုမှ ရေဘေးသင့်ပြည်သူ ၁၂၄ ဦးအထိ တိုးတက်လာခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်း (PPS) ၃ ခုဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။မိုးဆက်တိုက်ရွာသွန်းမှုကြောင့် Melaka Tengah ခရိုင်ရှိ နေရာ ၁၇ ခုနှင့် Jasin ခရိုင်ရှိ နေရာ ၃ ခုတို့တွင် ရေကြီးရေလျှံခဲ့ခြင်းဖြစ်ပြီး၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားသူများတွင် လူကြီး ၈၈ ဦး၊ ကလေး ၃၄ ဦးနှင့် မွေးကင်းစကလေး ၂ ဦးတို့ ပါဝင်ကြောင်း လူမှုဝန်ထမ်းဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
Jul 27 • 3:51 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


