ကယား (ကရင်နီ)ပြည်နယ်ရှိ ရောင်နီလူမှုဖွံ့ဖြိုးရေးကျောင်း၌ ကျောင်းအတွင်း ကရာတေးပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ ကျောင်း၏ အပတ်စဉ် (၂) သင်တန်းမှ သင်တန်းသား/သူ ၂၄ ဦးကို မြန်မာ့လက်ရွေးစင် ကရာတေး ကစားသမားဟောင်း ဆရာမ ဧပရယ်က ၄ လတာ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း နောက်ဆုံးအပတ်တွင် ပြိုင်ပွဲဝင် ၂၁ ဦးဖြင့် ပြိုင်ပွဲ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ပြိုင်ပွဲတွင် အမျိုးသမီးများကို ဝိတ်တန်းအလိုက် အုပ်စု ၂ စု ခွဲ၍လည်းကောင်း၊ အမျိုးသား ၇ ဦးကို အုပ်စု ၁ စုဖြင့်လည်းကောင်း ယှဉ်ပြိုင်စေခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အမျိုးသား/အမျိုးသမီး အကောင်းဆုံး ကစားသမားဆုများ ချီးမြှင့်ခဲ့သည်။ရောင်နီလူမှုဖွံ့ဖြိုးရေးကျောင်း အပတ်စဉ် (၂) တွင် လူငယ်များအတွက် အခြေခံကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်များ (Core Life & Social Development Skills) ဖြစ်သည့် ကိုယ်ရေးကိုယ်တာနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးရေး၊ ဒီဂျစ်တယ်ကျွမ်းကျင်မှု၊ ဘာသာစကား၊ ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ၊ အနုပညာနှင့် ဂီတ အစရှိသည့် သက်မွေးပညာရပ်များအပြင် ကရာတေး အားကစား အခြေခံများကိုပါ သင်ကြားပေးလျက် ရှိသည်။
Jul 27 • 3:50 AM
မြန်မာ
ကယား
မျှဝေမည်
| 17 | 0 | 0 | 0 |


