၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက် (ဇန်နဝါရီလမှ ဇွန်လအထိ) အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာ ခရီးသွားဧည့်သည် အရေအတွက်သည် ၁ ဒသမ ၇၅ သန်းသာ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလက ၃ ဒသမ ၃၆ သန်း ရှိခဲ့ရာမှ ၄၇ ဒသမ ၉ ရာခိုင်နှုန်းခန့် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။ အဓိက ဈေးကွက်ကြီးများဖြစ်သည့် တရုတ်၊ ဗီယက်နမ်နှင့် အမေရိကန်တို့မှ လာရောက်သည့် ခရီးသွား အရေအတွက် အသီးသီး လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။ဒေသတွင်း စီးပွားရေး နှေးကွေးမှု၊ အွန်လိုင်း ငွေလိမ်ဂိုဏ်း (Online Scam) ဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုများအပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် လေကြောင်းလိုင်း အနှောင့်အယှက်ဖြစ်ကာ လောင်စာဆီဈေး မြင့်တက်လာခြင်းတို့က ယခုကဲ့သို့ ခရီးသွားကျဆင်းရသည့် အဓိက အကြောင်းအရင်းများဖြစ်ကြောင်း သုံးသပ်ထားကြသည်။
ကမ္ဘောဒီးယား၌ ၂၀၂၆ ပထမနှစ်ဝက်အတွင်း နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှု ၄၈ ရာခိုင်နှုန်းခန့် ထိထိုးကျဆင်း
Jul 27 • 3:49 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


