menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပြည်တွင်း၌ ရွှေဈေးကျပြီး နိုင်ငံခြားငွေလဲနှုန်း အနည်းငယ် မြင့်တက်လာ

Jul 27 • 3:16 AM

breaking-news

မြန်မာ

ပြည်တွင်း

မျှဝေမည်

share-news
cover

ပြည်တွင်း၌ ရွှေဈေးကျပြီး နိုင်ငံခြားငွေလဲနှုန်း အနည်းငယ် မြင့်တက်လာ

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်ဖြင့် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်နိုင်သည်ဆိ...

cover-photo

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်ဖြင့် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်နိုင်သည်ဆိုသည့် သုံးသပ်မှုများကြောင့် ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ကျဆင်းလာခဲ့သည်။ဇူလိုင် ၂၂ ရက်က တစ်အောင်စလျှင် ၄,၁၁၆ ဒေါ်လာ ဝန်းကျင်ရှိခဲ့သော ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၅ ရက်တွင် ၄,၀၅၂ ဒေါ်လာ ဝန်းကျင်သို့ ၂ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာ ဈေးကွက်၌ အမေရိကန်ဒေါ်လာ တန်ဖိုး ၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ပြည်တွင်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉,၇၆၀,၀၀၀ ဝန်းကျင်မှ ကျပ် ၉,၆၅၀,၀၀၀ ဝန်းကျင်သို့ ကျပ် ၁၁၀,၀၀၀ ခန့် ဈေးကျဆင်းသွားသည်။ ရန်ကုန်တိုင်း ရွှေအသင်း ရည်ညွှန်းဈေးမှာမူ တစ်ကျပ်သားလျှင် ကျပ် ၆၉ သိန်းမှ ကျပ် ၆,၉၅၀,၀၀၀ သို့ ပြောင်းလဲသွားသည်။ပြင်ပ ငွေလဲနှုန်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၆၀ မှ ကျပ် ၄,၄၈၀ ဝန်းကျင်၊ တရုတ် ၁ ယွမ်လျှင် ကျပ် ၆၆၂ မှ ကျပ် ၆၆၄ ဝန်းကျင်နှင့် ထိုင်း ၁ ဘတ်လျှင် ကျပ် ၁၃၃ ဝန်းကျင် ရှိသည်။ ဗဟိုဘဏ် ရည်ညွှန်းဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၃,၆၅၈ သတ်မှတ်ထားသည်။

news-view-count-icon

29

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဗီယက်နမ်အမှတ်တံဆိပ်များ ပြည်ပစျေးကွက်သို့ တိုးချဲ့ရန်ခြေလှမ်းပြင်ဆင်နေ

ကမ္ဘောဒီးယား၌ ၂၀၂၆ ပထမနှစ်ဝက်အတွင်း နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှု ၄၈ ရာခိုင်နှုန်းခန့် ထိထိုးကျဆင်း

cover-photo
right-arrow-icon