တနင်္သာရီတိုင်း၊ ကျွန်းစုပင်လယ်ပြင်ရှိ ကျေးရွာများအနီးသို့ ကမ်းဝေး ငါးဖမ်းလှေကြီးများ (ဝါတန်းနှင့် ဝါလတ်လှေများ) ပိုမို အတင့်ရဲစွာ ဝင်ရောက် ငါးဖမ်းဆီးနေကြသဖြင့် ဒေသခံ ကမ်းနီး ရေလုပ်သားများ ဝမ်းစာရေးအတွက် အခက်တွေ့နေရကြောင်း သိရသည်။ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်သည့် ဇွန်လမှစ၍ ကမ်းဝေးလှေများ ကမ်းနီး ဝင်ရောက်ဖမ်းဆီးမှု အကြိမ်ရေ ပိုမိုများပြားလာခဲ့ပြီး တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။ဝါတန်းနှင့် ဝါလတ်လှေများ၏ ပိုက်များမှာ ရေအောက် အနက်အထိ စက်ကိရိယာအပြည့်အစုံဖြင့် ဖမ်းဆီးကြခြင်းဖြစ်သဖြင့် အဆိုပါလှေများ ဝင်ရောက်ပြီးပါက ရွာအနီး ပင်လယ်ပြင်တွင် ငါးများ မကျန်ရှိတော့ဘဲ ကမ်းနီး ရေလုပ်သားများ ငါးမရရှိသည့် ရက်များပြားလာနေသည်။လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ကမ်းဝေး ငါးဖမ်းလှေ ၁,၅၀၀ ဝန်းကျင်နှင့် ကမ်းနီး ငါးဖမ်းလှေ ထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်း၌ ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးဝင်ရောက်ဖမ်းဆီးမှု ပိုမိုများပြားလာသဖြင့် ဒေသခံ ရေလုပ်သားများ အခက်တွေ့နေ
Jul 27 • 3:52 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 16 | 0 | 0 | 0 |


