LAFC တိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ၂၀၂၆ ကမ္ဘာ့ဖလားအပြီး ကစားသည့် မေဂျာလိဂ် (MLS) ပြိုင်ပွဲများတွင် သုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည်။ယခုအပတ် စပို့တင်း ကန်ဆက်စီးတီး (Sporting Kansas City) အသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဆွန်ဟောင်မင်က ပွဲစပြီး ၅ မိနစ်၌ပင် အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ဆွန်ဟောင်မင်သည် ယခုရာသီ မေဂျာလိဂ်ပြိုင်ပွဲ ပထမဆုံး ၁၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့ရာမှ နောက်ဆုံး ကစားခဲ့သည့် သုံးပွဲဆက် ဂိုးပြန်လည် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ရာသီဝက်တွင် LAFC အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ဆွန်ဟောင်မင်သည် ပြီးခဲ့သည့် ရာသီက မေဂျာလိဂ် ၁၀ ပွဲတွင် ၉ ဂိုး၊ ပြိုင်ပွဲစုံ ၁၃ ပွဲတွင် ၁၂ ဂိုး သွင်းယူပေးခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်မူ တောင်ကိုရီးယား အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။LAFC အသင်းသည် ယခုနိုင်ပွဲနှင့်အတူ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အနောက်ပိုင်းဇုန် (Western Conference) အမှတ်ပေးဇယားတွင် အခြားနှစ်သင်းနှင့်အတူ ၃၃ မှတ်စီဖြင့် ပူးတွဲ ထိပ်ဆုံး၌ ဦးဆောင်လျက် ရှိသည်။
| 23 | 0 | 0 | 0 |


