ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ အင်တာနက်ကုမ္ပဏီများ ဝန်ဆောင်မှု ပျက်ကွက်ပါက သုံးစွဲသူများအနေဖြင့် တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။အင်တာနက်လိုင်း ပြတ်တောက်ပါက ရှေးဦးစွာ သက်ဆိုင်ရာ ကုမ္ပဏီသို့ အကြောင်းကြားရန် လိုအပ်ပြီး၊ ဝန်ဆောင်မှု မပေးဘဲ ပျက်ကွက်ပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) အီးမေးလ် complaint@ptd.gov.mm သို့သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့သော်လည်းကောင်း တိုင်ကြားနိုင်သည်။ စားသုံးသူရေးရာ ဦးစီးဌာနသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားစာ ၂,၂၀၀ ခု လက်ခံရရှိခဲ့ရာမှ ၂,၁၉၂ မှုကို ဖြေရှင်းပေးခဲ့ပြီး ကျန် ၈ မှုကို ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
Jul 27 • 2:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


