back

မြန်မာ့ကြက်သွန်နီများ တရုတ်နိုင်ငံသို့ တင်ပို့ရာ ဈေးနှုန်း မကိုက်လို့ ယာယီရပ်ဆိုင်းထားရ

Jul 27 • 2:04 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ကြက်သွန်နီများ တရုတ်နိုင်ငံသို့ တင်ပို့ရာ ဈေးနှုန်း မကိုက်လို့ ယာယီရပ်ဆိုင်းထားရ

မြန်မာ့ကြက်သွန်နီများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဈေးနှုန်းညှိနှိုင်းရ အဆင်မပြေသေးသဖြင့် တင်ပို့မှု ယာယီ ရပ်ဆိုင်းထားကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည...

မြန်မာ့ကြက်သွန်နီများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဈေးနှုန်းညှိနှိုင်းရ အဆင်မပြေသေးသဖြင့် တင်ပို့မှု ယာယီ ရပ်ဆိုင်းထားကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။လက်ရှိ ပြည်တွင်း ဈေးကွက်၌ ကြက်သွန်နီ တစ်ပိဿာလျှင် အမျိုးအစားအလိုက် ကျပ် ၃,၉၀၀ မှ ၄,၈၀၀ အထိ ပေါက်ဈေးရှိပြီး ဈေးနှုန်း တည်ငြိမ်နေသည်။ သို့သော် မြင်းခြံနှင့် ပခုက္ကူ သိုလှောင်ရုံများ၌ လက်ကျန် ပိဿာချိန် ၅၀,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် ယခင်နှစ်ထက် နည်းပါးနေပြီး တရုတ်ဘက်မှ ဝယ်လိုအား ပြန်တက်လာပါက ဈေးနှုန်း ထပ်မံ မြင့်တက်နိုင်ခြေ ရှိနေသည်။ထို့ပြင် စိုက်ပျိုးစရိတ်၊ မြေဩဇာနှင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် လာမည့် ရာသီတွင် ကြက်သွန် စိုက်ပျိုးသူ နည်းပါးသွားနိုင်သဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးမှု၊ ဈေးကွက်နှင့် ပြည်ပ ဝယ်လိုအား အခြေအနေများကို စောင့်ကြည့်ရန် လိုအပ်နေသည်။

news-view-count-icon

13