မလေးရှားအသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား အုပ်စု (B) ပထမပွဲစဉ်တွင် မြန်မာအသင်း ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်သည် လုပ်အားနှုန်း အကောင်းဆုံး ကစားသမား (Most Energetic Player) အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ဇူလိုင် ၂၅ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ပွဲချိန် ၁၀ မိနစ်၌ မြတ်ကောင်းခန့်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းတွင် မလေးရှား ပြည်သူ့နီတိ ခံယူထားသူ ဘရာဇီးလ် တိုက်စစ်မှူး ပေါ်လိုဂျေဆူး၏ ချေပဂိုးနှင့် အနိုင်ဂိုးများကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။အဆိုပါ ပွဲအတွက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု (Player of the Match) ကိုမူ နှစ်ဂိုး သွင်းယူခဲ့သည့် ပေါ်လိုဂျေဆူးက ရရှိသွားခဲ့သည်။ အိမ်ကွင်းတွင် မလေးရှားကို ရှုံးနိမ့်ခဲ့သဖြင့် မြန်မာအသင်းအနေဖြင့် အုပ်စုမှ နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက် ရလဒ်များ ရယူရန် ခက်ခဲသွားခဲ့ပြီး အုပ်စု ဒုတိယပွဲစဉ်အဖြစ် လာမည့် ဇူလိုင် ၂၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်း၌ ဆက်လက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
Jul 27 • 2:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


