back

ထိုင်းနိုင်ငံ၊ ပတ္တယား၌ လက်မှတ်ပေါင်း ၁ သိန်းခွဲ ရောင်းကုန်ထားသည့် Tomorrowland ဂီတပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်

Jul 27 • 2:02 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ပတ္တယား၌ လက်မှတ်ပေါင်း ၁ သိန်းခွဲ ရောင်းကုန်ထားသည့် Tomorrowland ဂီတပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော်ကို လာမည့် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ Wisdom Valley တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံ...

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော်ကို လာမည့် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ Wisdom Valley တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၌ ပြုလုပ်သည့် ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးနှင့် Tomorrowland အကြီးအကဲတို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထပ်မံအတည်ပြုလိုက်သည်။အာရှတွင် ပထမဆုံးအကြိမ် ကျင်းပမည့် အဆိုပါပွဲတော်အတွက် လက်မှတ်ပေါင်း ၁၅၀,၀၀၀ စလုံး ရောင်းကုန်သွားခဲ့ပြီဖြစ်ရာ တက်ရောက်မည့်သူများ၏ ၈၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား ခရီးသွားများ ဖြစ်ကြသည်။ ၅ နှစ်စာ ချုပ်ဆိုထားသည့် သဘောတူညီချက်အရ ထိုင်းစီးပွားရေးအတွက် ဘတ် ဘီလီယံ ၃၀ ထက်မနည်း ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ယခု ဒီဇင်ဘာပွဲတော် တစ်ခုတည်းမှပင် ဘတ် ၆ ဘီလီယံကျော် (ယူရို ၁၅၉ သန်းနီးပါး) စီးပွားရေး အကျိုးအမြတ် ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

news-view-count-icon

21