back

ထိုင်းနိုင်ငံ Prachinburi တွင် Work Permit ကိစ္စ စကားများရာမှ မြန်မာပွဲစားအား မြန်မာလုပ်သားများက ဓားဖြင့် ထိုးသတ်

Jul 27 • 2:01 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ Prachinburi တွင် Work Permit ကိစ္စ စကားများရာမှ မြန်မာပွဲစားအား မြန်မာလုပ်သားများက ဓားဖြင့် ထိုးသတ်

ထိုင်းနိုင်ငံ၊ Prachinburi ပြည်နယ်၊ Tha Tum မြို့နယ်တွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) နှင့် ဗီဇာ စာရွက်စာတမ်း ကိစ္စများ အပြန်အလှန် စကားများရာမှ မြန်မာအလု...

ထိုင်းနိုင်ငံ၊ Prachinburi ပြည်နယ်၊ Tha Tum မြို့နယ်တွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) နှင့် ဗီဇာ စာရွက်စာတမ်း ကိစ္စများ အပြန်အလှန် စကားများရာမှ မြန်မာအလုပ်သမားများက မြန်မာပွဲစားအား ဓားဖြင့် ထိုးသတ်မှုတစ်ခါ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အသက် ၄၀ အရွယ် စာရွက်စာတမ်း ဝန်ဆောင်မှုပေးသူ ဦးဇေထူးအောင်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများစွာ ရရှိကာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး အသက် ၂၃ နှစ်အရွယ် စောနေထူးဆိုသူမှာလည်း ကျောကုန်းတွင် ဓားဒဏ်ရာ ရရှိခဲ့သည်။ဗီဇာသက်တမ်း ကုန်ဆုံးမည်ကို စိုးရိမ်သည့် မြန်မာလုပ်သားက စာရွက်စာတမ်းများ လာရောက်တောင်းဆိုရာ လုပ်ဆောင်နေဆဲဖြစ်၍ ၂ ရက်ခန့် စောင့်ပေးရန် ပြောဆိုခဲ့သော်လည်း မကျေနပ်သဖြင့် အပေါင်းအပါ ၄ ဦးနှင့်အတူ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဓားဖြင့် ထိုးခုတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စိစစ်၍ ထွက်ပြေးလွတ်မြောက်နေသူ ဇော်ဝင်းဌေး အပါအဝင် ပြစ်မှုကျူးလွန်သူ ၅ ဦးလုံးအား ဖမ်းဆီးရမိရေး လိုက်လံ စုံစမ်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

21