back

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ပြည်သာယာလမ်းတွင် မီးလောင်မှုဖြစ်ပွား

Jul 27 • 1:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ပြည်သာယာလမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ဇူလိုင် ၂၆ ရက် ည ၈ နာရီ ၁၄ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ မီးသတ်စခန...

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ဇူလိုင် ၂၆ ရက် ည ၈ နာရီ ၁၄ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ မီးသတ်စခန်း အသီးသီးမှ မီးငြှိမ်းသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။အဆိုပါ မီးလောင်မှုသို့ ရန်ကင်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၅ စီးနှင့် မီးသတ်ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

15