မွန်ပြည်နယ်၊မော်လမြိုင်-ရန်ကုန် အမှတ် (၈၄) အစုန် DEMU ရထားပေါ်တွင် ခရီးသည်များကို အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ပြောဆို ပျော်ပါးခဲ့သည့် ဒေါ်မြသန်း ဦးစီးသော ကမ်းနားလမ်း အားကစားအဖွဲ့မှ လူ ၅၄ ဦးကို ဇူလိုင် ၂၆ ရက်တွင် မော်လမြိုင် မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူလိုက်ကြောင်းသိရသည်။အဆိုပါအဖွဲ့သည် ဇူလိုင် ၂၃ ရက်က မော်လမြိုင်မှ ရန်ကုန်သို့ သွားရောက်စဉ် DEMU ရထား ပထမတန်း အတွဲ (၃) ရှိ ခုံ ၆၀ အနက် ၅၄ ခုံ ဝယ်ယူကာ ရထားပေါ်တွင် ကျယ်လောင်စွာ အော်ဟစ် သီချင်းဆိုခြင်း၊ ထိုင်ခုံ လက်တန်းပေါ် ထိုင်ခြင်း၊ လျှောက်လမ်းတွင် ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်းနှင့် TikTok ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုနှင့် အရေးယူပေးရန် တောင်းဆိုမှုများ မြင့်တက်လာပြီးနောက် မြန်မာ့မီးရထား၊ တိုင်းအမှတ် (၈) မှ အထူးတန်း ရုံပိုင်ကြီး ဦးသန်းစိုးက တရားလိုပြုလုပ်၍ မော်လမြိုင် မြို့မရဲစခန်းတွင် ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်-မော်လမြိုင် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ ဆူညံခဲ့သည့် ဒေါ်မြသန်းတို့ အဖွဲ့ ၅၄ ဦးအား အမှုဖွင့်လိုက်ပြီဖြစ်
Jul 27 • 1:39 AM
မြန်မာ
မွန်
မျှဝေမည်
| 30 | 0 | 0 | 0 |


