အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းလေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေ အားကောင်းမှုတို့ကြောင့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၃ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းအနီး နေထိုင်သူများ၊ ရေကြောင်းနှင့် လေကြောင်း သွားလာရေးလုပ်ငန်းများ ကြိုတင်သတိပြုရန် အသိပေးထားသည်။
Jul 26 • 1:18 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


