ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ယခုတစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ် ၁၄၀ မှ ကျပ် ၄၂၀ အထိ မြင့်တက်လာပြီး ဆိုင်အချို့တွင် ဆီပြတ်လပ်ခြင်းနှင့် တန်းစီဝယ်ယူရသည့် အကျပ်အတည်းများ ပြန်လည်ဖြစ်ပေါ်နေကြောင်း MPA သတင်းတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့အတွက် ဇူလိုင် ၂၄ ရက် အစိုးရသတ်မှတ် ရည်ညွှန်းဈေးနှုန်းမှာ အောက်တန်း ၉၂ တစ်လီတာလျှင် ကျပ် ၃,၃၅၀၊ အောက်တန်း ၉၅ ကျပ် ၃,၄၆၀၊ ရိုးရိုးဒီဇယ် ကျပ် ၃,၅၆၀ နှင့် ပရီမီယမ်ဒီဇယ် ကျပ် ၄,၃၁၅ အသီးသီး ဖြစ်သည်။နိုင်ငံခြားသုံးစွဲမှု လျှော့ချရေးအတွက် စက်သုံးဆီ တင်သွင်းမှုကို ထပ်မံလျှော့ချလိုက်ခြင်းကြောင့် ယခုကဲ့သို့ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ပြန်လည်ကြုံတွေ့ရခြင်း ဖြစ်သည်။ ဆိုင်များတွင် Bar Code၊ QR Code စနစ်ဖြင့် ပမာဏ ကန့်သတ်ရောင်းချပေးနေသော်လည်း မလုံလောက်သဖြင့် ပြင်ပမှောင်ခိုဈေးကွက်မှ ဝယ်ယူနေရပြီး သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေ ကုန်ကျစရိတ်များ ထပ်မံမြင့်တက်လာမည်ကို ဒေသခံပြည်သူများနှင့် ယာဉ်မောင်းများက စိုးရိမ်နေကြသည်။
Jul 27 • 1:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


