တရုတ်နိုင်ငံ အမျိုးသား စားနပ်ရိက္ခာသိုလှောင်ရေး ကော်ပိုရေးရှင်း (Sinograin) ၏ ချန်ရှား သိုလှောင်ရုံ၌ တည်ဆောက်ပြီးစီးခဲ့သည့် တန်ချိန် ၉,၀၀၀ ဆံ့ ပထမအသုတ် လေဖောင်းစပါးကျီ ၅ လုံးတွင် ဇူလိုင် ၂၄ ရက်က ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန် ၄၅,၀၀၀ စတင်သိုလှောင်ခဲ့ရာ စတုတ္ထမြောက်မျိုးဆက်သစ် စပါးကျီ လက်တွေ့အသုံးချသည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ စပါးကျီများသည် လေလုံစွမ်းရည် မြင့်မားပြီး အပူချိန်ထိန်း နည်းပညာများနှင့် ပူးတွဲအသုံးပြုထားသဖြင့် သမားရိုးကျ စပါးကျီများထက် ထိန်းသိမ်းစောင့်ရှောက်စရိတ် ၃၀ ရာခိုင်နှုန်းကျော် သက်သာစေမည်ဖြစ်ကြောင်း သိရသည်။
Jul 26 • 1:16 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


