back

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ Tastes of the Golden Land 2026 ကျင်းပ

Jul 26 • 1:12 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ Tastes of the Golden Land 2026 ကျင်းပ

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲဖြစ်သည့် Tastes of the Golden Land 2026 ပွဲကို ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Convention Cent...

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲဖြစ်သည့် Tastes of the Golden Land 2026 ပွဲကို ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) ၌ ကျင်းပလျက်ရှိသည်။ အဆိုပါပွဲကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်၊ ကမ္ဘာပေါ်တွင် ပိုမိုထင်ရှားလာစေရန်နှင့် ခရီးသွားများ ဆွဲဆောင်နိုင်ရန် ရည်ရွယ်သည်။ ပွဲအတွင်း အစားအသောက် ချက်ပြုတ်ပြိုင်ပွဲများ၊ ဟောပြောပွဲများအပြင် ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ဖြင့် ဒေသရိုးရာ အစားအသောက်များ၊ ရိုးရာအဝတ်အထည်နှင့် လက်ဝတ်ရတနာများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။

news-view-count-icon

14