back

ထိုင်းနိုင်ငံက အသိအမှတ်ပြု လမ်းဘေးအစားအစာဆိုင်များ ရှာဖွေနိုင်မည့် Thai Street Gold Star App မိတ်ဆက်

Jul 26 • 1:14 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက အသိအမှတ်ပြု လမ်းဘေးအစားအစာဆိုင်များ ရှာဖွေနိုင်မည့် Thai Street Gold Star App မိတ်ဆက်

ထိုင်းနိုင်ငံတွင် အသိအမှတ်ပြုထားသော လမ်းဘေးအစားအစာ ရောင်းချသူများကို ရှာဖွေနိုင်သည့် "Thai Street Gold Star" အပလီကေးရှင်းနှင့် စံသတ်မှတ်ချက် စီမံကိန်းကို ဘန်ကော...

ထိုင်းနိုင်ငံတွင် အသိအမှတ်ပြုထားသော လမ်းဘေးအစားအစာ ရောင်းချသူများကို ရှာဖွေနိုင်သည့် "Thai Street Gold Star" အပလီကေးရှင်းနှင့် စံသတ်မှတ်ချက် စီမံကိန်းကို ဘန်ကောက်၊ ပတ္တရားနှင့် ချင်းမိုင်မြို့တို့၌ စတင်မိတ်ဆက်လိုက်သည်။ အဆိုပါ စီမံကိန်းသည် SME လုပ်ငန်းရှင်များ၏ စံချိန်စံညွှန်းနှင့် ဝန်ဆောင်မှု အရည်အသွေးများကို မြှင့်တင်ရန် ရည်ရွယ်ပြီး အစားအသောက် သန့်ရှင်းဘေးကင်းမှု၊ အရသာနှင့် ဝန်ဆောင်မှုစသည့် ကဏ္ဍ ၃ ခုနှင့် ကိုက်ညီသည့် ဆိုင်များကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည်ဖြစ်သည်။ လက်ရှိတွင် ဘတ်ငွေ ၂၆၁ ဘီလီယံကျော် တန်ဖိုးရှိသည့် ထိုင်းလမ်းဘေးအစားအစာ ဈေးကွက်ကို မြှင့်တင်ပေးခြင်းဖြင့် ထိုင်းနိုင်ငံအား ကမ္ဘာ့အစားအသောက် ခရီးသွားနေရာတစ်ခုအဖြစ် စနစ်တကျ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16