back

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့က ရှင်းလင်းရေးလုပ်ဆောင်

Jul 26 • 1:09 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့က ရှင်းလင်းရေးလုပ်ဆောင်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ၊ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းတွင် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီအချိန်က တောင်ကမ်းပါးမှ ...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ၊ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းတွင် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီအချိန်က တောင်ကမ်းပါးမှ လမ်းမပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ လမ်းမပေါ်ကျရောက်နေသည့် မြေစာများအား ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

15