မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ဟောင်းရပ်ကွက်၊ နှင်းဆီလမ်းတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ သတင်းရရှိသဖြင့် မကွေးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


