ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဘော့ရိုးကျေးရွာအုပ်စု၊ သဘော့ရိုးကျေးရွာရှိ ဒါးကချောင်းအတွင်း ဇူလိုင် ၂၆ ရက် မွန်းလွဲ ၄ နာရီ ၂၀ မိနစ်အချိန်က ရေနစ်မှုဖြစ်ပွားခဲ့သဖြင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသွားသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းအား ဂရုဏာလူမှုရေးအသင်း သူနာတင်ယာဉ်ဖြင့် ကျုံပျော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 26 • 12:20 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 14 | 0 | 0 | 0 |


