ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံခဲ့ရသည့် ရှမ်းပြည်နယ်၊ သီပေါမြို့မှ ဇနီးမောင်နှံနှစ်ဦးသည် နေရပ်ပြန်ရန် လမ်းစရိတ် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် မြဝတီမြို့ရှိ သီပေါမြို့ဇာတိ မိသားစုတစ်စုက စရိတ်ငြိမ်း တစ်လ ကျပ် ၆ သိန်းဖြင့် အလုပ်ခန့်အပ်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့ အသုံးပြုနိုင်ရန်အတွက် မြဝတီမြို့ခံများက ဘတ် ၁၀၀၀ နှင့် မြန်မာကျပ်ငွေ ၅၈,၀၀၀ ပေးအပ်ကူညီခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုဘီဝမ်း၏ လူမှုကွန်ရက် ဖော်ပြချက်အရ သိရသည်။
ထိုင်းတွင် ဖမ်းဆီးခံရပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် ဇနီးမောင်နှံနှစ်ဦးကို မြဝတီမြို့ခံများ ဝိုင်းဝန်းကူညီ
Jul 26 • 11:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


