အခုနှစ်အတွင်း ၁၂ ခုမြောက် အပူပိုင်းမုန်တိုင်းဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း Noul သည် တနင်္ဂနွေနေ့ အစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း CNA သတင်း၌ ဖော်ပြထားသည်။ မုန်တိုင်းကြောင့် ကွမ်တုံပြည်နယ်နှင့် ဟောင်ကောင်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။ အဆိုပါမုန်တိုင်းကြောင့် ကွမ်တုံပြည်နယ်မှ လူပေါင်း ၃၄၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးထားပြီး အာဏာပိုင်များက ရုတ်တရက် ရေကြီးရေလျှံမှုအတွက် Amber Rainstorm သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။


