back

ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် မီးလင်းဂျိုင် LNG ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၄.၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

Jul 26 • 10:41 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် မီးလင်းဂျိုင် LNG ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၄.၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ မီးလင်းဂျိုင်ဒေသတွင် အမေရိကန်ဒေါ်လာ ၂.၅၀၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော်နေသည့် ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ရည် (LNG)...

ဧရာဝတီတိုင်းဒေသကြီး၊ မီးလင်းဂျိုင်ဒေသတွင် အမေရိကန်ဒေါ်လာ ၂.၅၀၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော်နေသည့် ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ လက်ရှိတွင် ၂၄.၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ အဆိုပါ စီမံကိန်းမှ ဓာတ်အားလိုင်းများ သွယ်တန်းရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) လေ့လာတွေ့ရှိချက်များကို Unique Environment Myanmar က တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့သည်။ မီးလင်းဂျိုင်မှ ထန်းတပင်နှင့် အသုတ်ဓာတ်အားခွဲရုံများအထိ ဓာတ်အားလိုင်းများ သွယ်တန်းမည်ဖြစ်ပြီး၊ စီမံကိန်းကြီးတစ်ခုလုံးကို ၂၀၂၉ ခုနှစ် အဩဂုတ်လတွင် ရာနှုန်းပြည့်ပြီးစီးရန် လျာထားကြောင်း သိရသည်။

news-view-count-icon

17