တောင်တရုတ်ပင်လယ်၊ ဖိုင်ယာရီခရော့စ် သန္တာကျောက်တန်းအနီး၌ ဗီယက်နမ်နိုင်ငံသား ၆၂ ဦး လိုက်ပါလာသည့် ကုန်တင်သင်္ဘော Khoi Nguyen 18 နစ်မြုပ်ခဲ့သဖြင့် လူ ၃၉ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေသည့် ၂၃ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေလျက်ရှိသည်။ စနေနေ့ညနေပိုင်းတွင် တရုတ်ကယ်ဆယ်ရေးသင်္ဘော နန်ဟိုင်ကျူး ၁၁၅ က အဆိုပါသင်္ဘောကို ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်နှင့် ဗီယက်နမ် ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပူးပေါင်းရှာဖွေလျက်ရှိသည်။ အလျား မီတာ ၇၀ နီးပါးနှင့် တန်ချိန် ၉၉၉ တန်ရှိ အဆိုပါသင်္ဘော နစ်မြုပ်ခဲ့သည့် ဧရိယာမှာ စပရက်တလေ ကျွန်းစုအနီး အငြင်းပွားဖွယ် ရေပြင်အတွင်း တည်ရှိကြောင်း သိရသည်။
Jul 26 • 10:40 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


