မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်းများ ပျံ့နှံ့စေရန် ရည်ရွယ်၍ "မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း" ဖွင့်ပွဲကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းမှာ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်လျက်ရှိသည့် တစ်နှစ်ဒီပလိုမာ သင်တန်းဖြစ်ကြောင်း သိရသည်။
Jul 26 • 10:40 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


