စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ပြည့်မီစွာ ဆည်ရေပေးဝေသွားမည်ဖြစ်သည်။ မိုးစပါးအတွက် ဇူလိုင် ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ရေပမာဏ ၁,၄၅၀,၀၀၀ ဧကပေ ပေးဝေရန် လျာထားပြီး နွေသီးနှံများအတွက်ပါ စိုက်ပျိုးရေ တစ်စိတ်တစ်ပိုင်း သိုလှောင်ထားနိုင်မည်ဖြစ်သည်။ သဖန်းဆိပ် ရေလှောင်တမံသည် ခရိုင် ၅ ခု၊ မြို့နယ် ၉ ခုရှိ စိုက်ပျိုးမြေ ဧက ၅ သိန်းနီးပါးကို စိုက်ပျိုးရေ ပေးဝေလျက်ရှိသည့်အပြင် ရွှေဘိုမြို့ မဟာနန္ဒာကန်တော်သို့လည်း သောက်သုံးရေ နေ့စဉ် ဂါလန် ၂၂ သိန်းခန့် ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးရန် လျာထားဧကပြည့်မီစွာ ဆည်ရေပေးဝေမည်
Jul 26 • 10:38 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


