သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်မှုဇုန်များတွင် ဖယ်ရီပြေးဆွဲနေကြောင်း စစ်ဆေးတွေ့ရှိရသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အစိုးရအနေဖြင့် ပြည်သူများ ခရီးသွားလာရေး လွယ်ကူစေရန် သက်သာသောဈေးနှုန်း (၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြား) ဖြင့် ဦးစားပေး ရောင်းချပေးနေခြင်းဖြစ်ပြီး စည်းကမ်းပျက်ကွက်သည့် အဆိုပါယာဉ် ၁၀ စီး၏ နံပါတ်များကို CNG ဆိုင်များတွင် ကြေညာထားမည်ဖြစ်သည်။ ထို့ပြင် CNG တရားမဝင် ပြန်လည်ရောင်းချပါကလည်း ရာသက်ပန် ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 26 • 10:36 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |



