back

တောင်ကိုရီးယား၌ ဧည့်သည်ကလေးငယ်တစ်ဦး ဥဒေါင်းတိုက်ခိုက်ခံရမှုကြောင့် တည်းခိုခန်းပိုင်ရှင်အား ၂,၀၄၉ ဒေါ်လာဒဏ်ရိုက်ခဲ့

Jul 26 • 6:42 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၌ ဧည့်သည်ကလေးငယ်တစ်ဦး ဥဒေါင်းတိုက်ခိုက်ခံရမှုကြောင့် တည်းခိုခန်းပိုင်ရှင်အား ၂,၀၄၉ ဒေါ်လာဒဏ်ရိုက်ခဲ့

တောင်ကိုရီးယားနိုင်ငံ၊ ချုန်းချောင်းဘုတ်ဒိုပြည်နယ်၊ ချုန်းဂျူမြို့ရှိ တည်းခိုခန်းပိုင်ရှင်တစ်ဦးအား တည်းခိုခန်းအတွင်း မွေးမြူထားသည့် ဥဒေါင်းမှ ဧည့်သည်ကလေးငယ်အား ...

တောင်ကိုရီးယားနိုင်ငံ၊ ချုန်းချောင်းဘုတ်ဒိုပြည်နယ်၊ ချုန်းဂျူမြို့ရှိ တည်းခိုခန်းပိုင်ရှင်တစ်ဦးအား တည်းခိုခန်းအတွင်း မွေးမြူထားသည့် ဥဒေါင်းမှ ဧည့်သည်ကလေးငယ်အား တိုက်ခိုက်ဒဏ်ရာရစေမှုအတွက် သက်ဆိုင်ရာတရားရုံးက ဇူလိုင် ၂၄ ရက်တွင် ဝမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၂,၀၄၉ ဒေါ်လာခန့်) ဒဏ်ငွေရိုက်တပ်လိုက်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် အာဂုတ်လအတွင်းက တည်းခိုခန်းအတွင်း လွတ်လပ်စွာ လှည့်လည်သွားလာနေသော ဥဒေါင်းသည် ကလေးငယ်၏ မျက်နှာကို စုတ်ယူတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်မှာ ၂ ပတ်ခန့် ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။ တည်းခိုခန်းပိုင်ရှင်က ဥဒေါင်းများမှာ ယဉ်ပါးပြီး ကလေးငယ်ဘက်မှ စတင်ဆွေ့နုတ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း လျှောက်လဲခဲ့သော်လည်း တရားရုံးက တိရစ္ဆာန်မွေးမြူသူများအနေဖြင့် လှောင်အိမ်အတွင်း စနစ်တကျ ထည့်သွင်းထားခြင်း သို့မဟုတ် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းစသည့် ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ပျက်ကွက်ခဲ့မှု (Occupational Negligence) ဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။

news-view-count-icon

10