back

ရှမ်းပြည်နယ်၊ကယန်းဒေသ၌ တစ်ပတ်အတွင်း မြွေကိုက်ခံရသူ နှစ်ဦးအထိ ရှိလာ

Jul 26 • 6:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ကယန်းဒေသ၌ တစ်ပတ်အတွင်း မြွေကိုက်ခံရသူ နှစ်ဦးအထိ ရှိလာ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်း-ကယား နယ်စပ်ရှိ ကယန်းဒေသတွင် တစ်ပတ်အတွင်း လယ်ယာနှင့် တောင်ယာ လုပ်ကိုင်သူ နှစ်ဦး မြွေကိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဆေးရုံ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်း-ကယား နယ်စပ်ရှိ ကယန်းဒေသတွင် တစ်ပတ်အတွင်း လယ်ယာနှင့် တောင်ယာ လုပ်ကိုင်သူ နှစ်ဦး မြွေကိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။မိုးရာသီ ကာလတွင် မြွေများ ထွက်ရှိမှု ပိုမို များပြားလာသဖြင့် ဒေသခံများအနေဖြင့် တောင်ယာ သွားလာချိန်နှင့် ညအချိန် သွားလာမှုများတွင် အထူးသတိထားကြရန် ကျန်းမာရေး ဝန်ထမ်းများနှင့် ဒေသခံများက တိုက်တွန်းထားသည်။ထို့အပြင် မြက်ထူထပ်သည့် နေရာများနှင့် ရေဝပ်သည့် နေရာများကို သတိပြုရန်၊ ဖိနပ်အမြင့် စီးဆင်းရန်၊ ညအချိန်တွင် မီးအလင်းရောင် အသုံးပြုရန်နှင့် မြွေကိုက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက် ကုသမှု ခံယူကြရန် အကြံပြုထားသည်။

news-view-count-icon

14