အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အပြည်ပြည်ဆိုင်ရာ ရေနံဈေးနှုန်း မတည်ငြိမ်မှုများကြောင့် တောင်ကိုရီးယား အစိုးရသည် ယခုလကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သော လောင်စာဆီ အခွန်လျှော့ချပေးသည့် အစီအစဉ်ကို လာမည့် စက်တင်ဘာလ ၃၀ ရက်အထိ အောက်တိုဘာလမတိုင်မီ နောက်ထပ် ၂ လ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယခု သက်တမ်းတိုးမြှင့်လိုက်သည့် အစီအစဉ်အရ ဓာတ်ဆီ (Gasoline) အတွက် အခွန် ၁၅ ရာခိုင်နှုန်း၊ ဒီဇယ် (Diesel) နှင့် ဘူတိန်းဓာတ်ငွေ့ (Butane) တို့အတွက် အခွန် ၂၅ ရာခိုင်နှုန်း လျှော့ချပေးထားသည့် နှုန်းထားများအတိုင်း ဆက်လက် ကျင့်သုံးသွားမည်ဖြစ်သည်။ ယခုလို အခွန်လျှော့ချပေးထားခြင်းကြောင့် တစ်လီတာလျှင် ဓာတ်ဆီ ၁၂၂ ဝမ်၊ ဒီဇယ် ၁၄၅ ဝမ်နှင့် ဘူတိန်း ၅၁ ဝမ်ခန့် အသီးသီး သက်သာစေမည်ဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေးနှင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ၏ စွမ်းအင်စရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
တောင်ကိုရီးယား၌ စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် လောင်စာဆီအခွန် လျှော့ချမှုကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုး
Jul 26 • 6:39 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


