တရုတ်နိုင်ငံသို့ တင်ပို့သည့် လမ်းကြောင်း အခက်အခဲများကြောင့် တရုတ်ကုန်သည်များ ဝင်ရောက်မှု လျော့ကျသွားရာ စစ်ကိုင်းနှင့် မန္တလေး ဒေသရှိ ကျောက်စိမ်းပုတီး လုပ်ငန်းများ ရပ်နားရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကျောက်မျက် ကုန်သည်များနှင့် ပွဲစားများထံမှ သိရသည်။ကျောက်စိမ်းပုတီး ရောင်းဝယ်ရေးကို စစ်ကိုင်းမြို့ ထားဝယ်ရပ်ကွက်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းတွင် အဓိက ပြုလုပ်ကြပြီး လက်ရှိ ဒေသတွင်း အခြေအနေများကြောင့် ပြည်တွင်းပြည်ပ ကုန်သည် ဝင်ရောက်မှုမှာ ၇၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့သည်။လက်ရှိတွင် ပြည်တွင်း ဈေးကွက်ကိုသာ အဓိက အားထားနေရပြီး ယခင် တရုတ်ကုန်သည်များ ဝယ်ယူစဉ်ကထက် ထက်ဝက်မက ဈေးနှုန်း လျှော့ချ ရောင်းချနေရသဖြင့် စီးပွားရေးအရ တွက်ချေမကိုက်သော်လည်း မိရိုးဖလာ လုပ်ငန်း မပျောက်ပျက်စေရန် ထိန်းသိမ်း လုပ်ကိုင်နေကြရကြောင်း သိရသည်။
မြန်မာ့ကျောက်စိမ်းပုတီး လုပ်ငန်းများ တရုတ်ကုန်သည် ဝင်ရောက်မှု လျော့ကျခြင်းကြောင့် ရပ်နားရမည့် အခြေအနေ ဖြစ်ပေါ်နေ
Jul 26 • 4:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


