back

ရှမ်းပြည်နယ် လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရပ်ကွက်အချို့ ရေကြီးရေလျှံမှု ဖြစ်ပွား

Jul 26 • 4:06 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရပ်ကွက်အချို့ ရေကြီးရေလျှံမှု ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရပ်ကွက် (၅) နှင့် ရပ်ကွက် (၁၂) တို့တွ...

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရပ်ကွက် (၅) နှင့် ရပ်ကွက် (၁၂) တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ရေမြောင်းများအတွင်း အမှိုက်စနစ်တကျ မစွန့်ပစ်ဘဲ ပိတ်ဆို့နေမှုများကြောင့် မိုးရွာသွန်းချိန်တွင် ရေမဆင်းနိုင်ဘဲ လျှင်မြန်စွာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ပါ၍ ဒေသခံများအနေဖြင့် ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကို အတူတကွ ပူးပေါင်းဖြေရှင်းသည့်အနေဖြင့် အမှိုက်များကို ရေမြောင်းများအတွင်း မစွန့်ပစ်ဘဲ စနစ်တကျ ပစ်ခတ်ကြရန် မြို့ခံများက တိုက်တွန်းထားကြသည်။

news-view-count-icon

18