back

မလေးရှားနိုင်ငံ၌ မွေးဖွားနှုန်းများ ထပ်မံကျဆင်းလာသဖြင့် သက်ကြီးရွယ်အို ပိုမိုများပြားလာမည့် အနာဂတ်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

Jul 26 • 3:38 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံ၌ မွေးဖွားနှုန်းများ ထပ်မံကျဆင်းလာသဖြင့် သက်ကြီးရွယ်အို ပိုမိုများပြားလာမည့် အနာဂတ်အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

မလေးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ ၇ ရာခိုင်နှုန်းရှိလာသဖြင့် "သက်ကြီးရွယ်အို ဦးရေ များပြားလာသည့် နိုင်ငံ" (Ageing Nation) အဖြစ် သတ...

မလေးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ ၇ ရာခိုင်နှုန်းရှိလာသဖြင့် "သက်ကြီးရွယ်အို ဦးရေ များပြားလာသည့် နိုင်ငံ" (Ageing Nation) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ၂၀၄၈ ခုနှစ်တွင် "သက်ကြီးရွယ်အို နိုင်ငံ" (Aged Nation) အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မလေးရှား စာရင်းအင်းဌာန (DOSM) ၏ အချက်အလက်များအရ မွေးဖွားနှုန်းသည် ၂၀၁၅ ခုနှစ်တွင် လူ ၁,၀၀၀ လျှင် ၁၆ ဒသမ ၇ ဦးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၂ ဒသမ နှီး ၈ ဦးအထိ လျော့ကျသွားခဲ့ကာ ၄၄ နှစ်အတွင်း အနိမ့်ဆုံး စံချိန်တင်ခဲ့သည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင်လည်း ကလေးမွေးဖွားမှုသည် လွန်ခဲ့သည့်နှစ် အလားတူကာလထက် ၃ ဒသမ ၁ ရာခိုင်နှုန်းထပ်မံ လျော့ကျသွားခဲ့သည်။ကလေးမွေးဖွားနှုန်း ကျဆင်းရခြင်းမှာ လူနေမှုပုံစံ အပြောင်းအလဲများ၊ ကုန်ဈေးနှုန်း မြင့်မားလာမှု၊ အိမ်ထောင်ပြု နောက်ကျခြင်းနှင့် အမျိုးသမီးတစ်ဦး၏ ပျမ်းမျှ ကလေးမွေးဖွားနိုင်စွမ်းနှုန်း (TFR) 1.6 သို့ ထိကျသွားခြင်းတို့ကြောင့် ဖြစ်သည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ အဆိုပါ အခြေအနေသည် နောက်နှစ်ပေါင်း ၂၀-၃၀ အတွင်း လုပ်သားအင်အား လျော့နည်းသွားစေပြီး စီးပွားရေး တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်သည့်အပြင် ပြည်ပလုပ်သား အားကိုးမှုကို ပိုမို မြင့်မားလာစေနိုင်သည်။ မလေးရှား အစိုးရအနေဖြင့် လုပ်ငန်းခွင်ဝင် မိခင်များကို ကူညီရန် မီးဖွားခွင့် အပိုခံစားခွင့်များကို မိတ်ဆက်ပေးထားသော်လည်း ကလေးထိန်းကျောင်းများ အဆင်ပြေစေရေးနှင့် နာရီပို/အချိန်ပို အလုပ်လုပ်ကိုင်မှု ဖြေလျှော့ပေးခြင်း စသည့် ဘက်ပေါင်းစုံ ကူညီပံ့ပိုးမှုများ ပါဝင်သည့် ဂေဟစနစ်တစ်ခုကို ဖန်တီးပေးရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။

news-view-count-icon

13